Jump to Content

သင်၏ Google Account သို့ လက်မှတ်ထိုးဝင်ရန် အရိုးရှင်းဆုံးနှင့် အလုံခြုံဆုံး နည်းလမ်း

လျှို့ဝှက်ကီးများသည် စကားဝှက်များ၏ ပိုလွယ်ကူပြီး ပိုလုံခြုံသော အစားထိုးမှု ဖြစ်သည်။ သင့်လက်ဗွေ၊ မျက်နှာစကင် (သို့) ဖန်သားပြင်လော့ခ်ဖြင့်ပင် ၎င်းတို့က လက်မှတ်ထိုးဝင်ခွင့်ပြုသည်။

လျှို့ဝှက်ကီးများ- လက်ဗွေ၊ မျက်နှာစကင်၊ ဖန်သားပြင်လော့ခ်
  • ရိုးရှင်းသည်

    လျှို့ဝှက်ကီးများသည် သင်၏ Google Account သို့ လက်မှတ်ထိုးဝင်ရန် လက်ဗွေ၊ မျက်နှာ၊ ပင်နံပါတ် (သို့) ပုံဖော်ခြင်းကဲ့သို့ သင့်စက်ပစ္စည်း၏လော့ခ် အသုံးပြုသည့် လွယ်ကူချောမွေ့ပြီး ရိုးရှင်းသော အသုံးပြုမှုကို ပံ့ပိုးသည်။

  • လုံခြုံသည်

    လျှို့ဝှက်ကီးများသည် အခိုင်မာဆုံး အကာအကွယ်ကို ပေးသည်။ ၎င်းတို့ကို ဘယ်တော့မှ မှန်းဆ၍ (သို့) ပြန်သုံး၍ မရသည့်အတွက် တိုက်ခိုက်သူများဘေးမှ သင့်သီးသန့်အချက်အလက်များကို ကာကွယ်ပေးသည်။

  • သီးသန့်

    လက်ဗွေ (သို့) မျက်နှာစကင်ကဲ့သို့ သင်၏ဇီဝမက်ထရစ် ဒေတာကို သင့်ကိုယ်ပိုင်စက်ပစ္စည်းတွင် သိမ်းပြီး Google နှင့် ဘယ်တော့မှမမျှဝေပါ။

၁-၂-၃ ကဲ့သို့ လွယ်ကူသည်

သင်၏ Google Account သို့ လက်မှတ်ထိုးဝင်ပြီး သင့်စက်ပစ္စည်းဖြင့် လျှို့ဝှက်ကီး စီစဉ်သတ်မှတ်လိုက်ပါက အားလုံးအသင့်ဖြစ်ပါပြီ။